NOW WHO AM I – Concept T-Shirt

ဘဝမှာ တစ်ခါတလေ ကိုယ့်ကိုယ်ကို ပြန်မေးမိတတ်ပါတယ်—
“I AM ………?”
အဖြေမရှိသေးပေမယ့် မေးမြန်းနေတယ်ဆိုတာတောင်တိုးတက်မှု ရှိနေပြီလို့ ထင်ပါတယ်။
ဒီ Design လေးကလည်း အဲဒီလို self-discovery journey ကိုအကြောင်းပြုထားပြီး
ဘဝကို ရပ်နားကြည့်ချိန်၊ ကိုယ့်အကြောင်းကို အချိန်ပေးပြီး စဥ်းစားကြည့်ချိန်
“ငါ ဘယ်သူလဲ?” “ငါ ဘယ်လိုလူလဲ?” “ငါ ဘယ်လိုဖြစ်ချင်လဲ?”
ဆိုတဲ့ အထဲက မေးခွန်းတွေကို ပြန်သတိရစေတဲ့ Concept Tee တစ်ခုပါ။
Patchwork Question Mark က
ကျွန်တော်တို့ရဲ့ အတွေ့အကြုံအပိုင်းအစအကုန်
— ဝမ်းမြောက်မှု၊ ငိုရတဲ့အချိန်တွေ၊ တိုးတက်မှုတွေ၊ အဆုံးမလွဲတဲ့ ခံယူချက်တွေ —
မေးခွန်းကြီးတစ်ခုပေါ်မှာ
ကိုယ့်အဖြေကို အခုထဲကပြန်မရသေးရင်တောင်
အရေးကြီးတာက—
ငါ့ကိုယ်ထဲကို ငါ ရှာဖို့စတင်ထားပြီ ဆိုတာပါ။
ဒီ T-shirt လေးဟာ Fashion တစ်ခုမကပဲ
ကိုယ့်အတွင်းက ကိုယ့်ကိုယ်ကို ရှာဖွေသည့် ခရီးကို
မမေ့အောင် သတိပေးနေတဲ့ Symbol တစ်ခုပါ။
“I AM ………?”
အဖြေကတော့ သင့်ဘ၀ လမ်းခရီးတစ်လျှောက်
အကြိမ်အကြိမ် update ဖြစ်နေသော
စကားလေးတစ်ခုပါပဲ။

COD avaliable

Monday to Saturday (9:00 am – 5:00 pm)
cb or viber : more detail
09-682159151

#HomeClothingBrand
#WearYourConfidence
#HomeYourHome
#GSM220
#PremiumCotton